ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ပြည်သူများ အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China International Trust and  Investment  Corporation (CITIC Myanmar) နှင့် China Foundation for Rural Development (CFRD) တို့က ငွေကျပ် (၃၆,၁၅၀,၀၀၀/-) တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC)၌ယနေ့နံနက်ပိုင်းတွင်ကျင်းပခဲ့ရာCITIC Myanmarမှ Deputy Managing Director ဖြစ်သူ Mr. Ma Chuanfu က မိမိတို့အဖွဲ့ အစည်းအနေဖြင့်  ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ CFRD မှ Program Mananger ဖြစ်သူ Ms. Yan Tianjia က ဘေးသင့်ပြည်သူများအတွက် မေတ္တာတရားအခြေခံကာ စွမ်းနိုင်သမျှထောက်ပံ့ကူညီမှုပြုခြင်းဖြစ်ပါကြောင်းအသီးသီးရှင်းလင်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးကြည်က ယခုလို လှူဒါန်းမှုများအတွက် ဦးစွာကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုလှူဒါန်းမှုများသည် ဘေးသင့်ပြည်သူများအတွက် စားသောက်ရေးလိုအပ်ချက်နှင့် ကျောင်းသားကျောင်းသူများ၏ပညာသင်ကြားမှုများအတွက် လိုအပ်ချက်ကို တစ်ထောင့် တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

လှူဒါန်းပစ္စည်းများဖြစ်သည့် ဆန်၊ ပဲဝါလေးနှင့် ခေါက်ဆွဲခြောက်များ၊ ကျောင်းသုံးပစ္စည်း များကို နေပြည်တော်အတွင်း ရေဘေးသင့်ကျေးရွာများသို့ အလှူရှင်များကိုယ်တိုင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR