လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (Social  Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအမျိုးသားအဆင့်လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်တွင်ပါဝင်သည့်အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) လူမှုရေးပင်စင်အစီအစဉ်နှင့်လူမှုဖြစ်ရပ်စီမံခန့်ခွဲခြင်းအစီအစဉ်တို့ကိုSMIS Platform တစ်ခုတည်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်တပ်မတော်သတင်းနည်းပညာဌာန၏နည်းပညာအကူအညီဖြင့်ရေးဆွဲခဲ့ရာ ယခုဆိုလျှင်လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ်(SMIS)အကောင်အထည်ပေါ်အောင်မြင်ခဲ့ပြီဖြစ်ပါကြောင်း၊ Social Pension အစီအစဉ်နှင့်MCCT အစီအစဉ်တို့တွင် လက်ရှိအကျိုးခံစားလျက်ရှိသည့် အကျိုးခံစားခွင့်ရှိသူစာရင်းများအား SMIS စနစ်အတွင်းသို့ Data Migration ပြုလုပ်ဆောင်ရွက်နိုင်ရန်နှင့်SMIS စနစ်အား စမ်းသပ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယခုလအတွင်း ပထမအကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ Social Pension အစီအစဉ်၏ Data Migration သင်တန်းပို့ချရန်ကျန်ရှိသည့် မြို့နယ်ပေါင်း (၂၀၀) ကျော်ရှိ သင်တန်းသားများနှင့်ယခုကဲ့သို့ ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း နည်းပြပညာရှင်များ၏ သင်ကြားပြသပေးမှုများအားအထူးဂရုပြုအလေးအနက်ထားပြီးလိုက်နာသင်ယူသွားကြရန် အရေးကြီးပါကြောင်း၊ SMIS Software နှင့်ဆောင်ရွက်ခြင်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်ပြည်သူသို့ဝန်ဆောင်မှုပေးသောလုပ်ငန်းများပိုမိုကောင်းမွန်ထိရောက်လာစေခြင်းနှင့်သတင်းအချက်အလက်များပိုမိုလုံခြုံစိတ်ချရခြင်းစသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ တပ်မတော်သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ စုစုပေါင်း (၇၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR