မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာအား ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုရရှိရန်နှင့် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဆဋ္ဌမအကြိမ်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို(၃၀-၁-၂၀၂၆)ရက်နေ့မွန်းလွဲပိုင်းတွင် ရုံးပရဝုဏ်၌ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနှင့်ဇနီး၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်/ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အရာထမ်း၊ အမှုထမ်းများပါဝင်တက်ရောက်၍အားပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ပါသည်။

ဆဋ္ဌမအကြိမ် ဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ဝန်ကြီးရုံးမှ (၁)ဖွဲ့၊လူမှုဝန်ထမ်းဦးစီးဌာနမှ (၂)ဖွဲ့၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၂)ဖွဲ့နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ (၁)ဖွဲ့စုစုပေါင်း အဖွဲ့ (၆)ဖွဲ့တို့မှ ဝင်ရောက်ယှဉ်ပြိုင်မှုအား ဝန်ထမ်းမိသားစုများက တစ်ခဲနက်အားပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် သက်ဆိုင်ရာအမှတ်ပေးအဖွဲ့များက အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ဆုရွေးချယ် ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက ပထမဆုရရှိသည့်အဖွဲ့အားလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ဒုတိယဆုရရှိသည့်အဖွဲ့အားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိသည့်အဖွဲ့အားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက နှစ်သိမ့်ဆုရရှိသည့်အဖွဲ့များအားလည်းကောင်း အသီးသီးဆုများချီးမြှင့်ပေးခဲ့ကြပြီးအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR