Standard Operation Procedure-SOP (မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ဒုတိယအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ အောက်တိုဘာလ ၁၄

မသန်စွမ်းသူများအသင်းအဖွဲ့များမှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ရန် အတွက် Standard Operation Procedure –SOP (မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force)၏ ဒုတိယအကြိမ်အစည်းအဝေးကို(၁၄-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် ပြန်လည်ထူ ထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ Task Force အဖွဲ့ခေါင်းဆောင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

              ပြန်လည်ထူထောင်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဆောင်ရွက်ရာမှာ မသန်စွမ်းသူများအသင်းအဖွဲ့များ၊ INGOs ၊ NGOs အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါအသင်းအဖွဲ့များ၏ အသင်းအဖွဲ့မှတ်ပုံတင်ရရှိရေး တင်ပြလျှောက်ထား လာပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွဲ့စည်းထား ရှိသည့် Core Groupဖြင့်စိစစ်၍ ဝန်ကြီးဌာနစီမံခန့်ခွဲ့ရေးကော်မတီသို့ တင်ပြအတည်ပြုချက်ရရှိမှာသာ ထောက်ခံချက်ထုတ်ပေးခြင်းကို ဆောင်ရွက်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ (၂၀၁၅) အရ မသန်စွမ်းမှုအမျိုး အစားအလိုက်ဖြစ်စေ၊ မသန်စွမ်းအမျိုးအစားများစုပေါင်း၍ဖြစ်စေ သက်ဆိုင်ရာ မသန်စွမ်းသူများအသင်းအဖွဲ့တစ်ခုခုကို မှတ်ပုံတင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် မသန်စွမ်းသူများအသင်းမှတစ်ဆင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်သို့ သတ်မှတ်ချက်များနှင့် အညီ တင်ပြလျှောက်ထားရမှာဖြစ်ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အနေဖြင့် လျှောက်ထား ချက်ကိုစိစစ်ပြီး သဘောထားမှတ်ချက်နှင့်အတူ အမျိုးသားကော်မတီသို့ တင်ပြရမှာဖြစ်ပါကြောင်း၊ အမျိုးသားကော်မတီအနေဖြင့် အသင်းချုပ်၏တင်ပြချက်များကိုစိစစ်ပြီး အသင်းအဖွဲ့၏ မှတ်ပုံတင် ခွင့်သက်တမ်းနှင့် စည်းကမ်းချက်များသတ်မှတ်ပြီး မှတ်ပုံတင်ခွင့်ပြုခြင်းသို့မဟုတ် မှတ်ပုံတင်ရန် ငြင်း ပယ်ခြင်းပြုနိုင်ပြီး မှတ်ပုံတင်ခွင့်ပြုသောမသန်စွမ်းသူများအသင်းအဖွဲ့အား သတ်မှတ်ထားသော မှတ်ပုံ တင်ခပေးသွင်းစေပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအသင်း အဖွဲ့များ၏ မှတ်ပုံတင်လျှောက်ထားခြင်းလုပ်ငန်းအား စိစစ်နိုင်ရေးအတွက်SOP(မူကြမ်း)ရေးဆွဲနိုင်ရေး Task Force အဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များဖြင့် (၁၂-၉-၂၀၂၄)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကို (၂၅-၉-၂၀၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊SOP(မူကြမ်း)ပြီးစီးပါက အမျိုးသားကော်မတီသို့ တင်ပြအတည်ပြုချက်ရယူ သွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများဖွဲ့စည်းထားသည့် အသင်းအဖွဲ့များနှင့် မသန်စွမ်းသူများ၏ အရေးကိုအဓိကထား ဆောင်ရွက်သည့်အဖွဲ့အစည်းများအနေဖြင့် ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေးအတွက် SOP သည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

             ထို့နောက်အစည်းအဝေးသို့တက်ရောက်လာသည့် Task Force အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ဌာနဆိုင်ရာအသီးသီးတာဝန်ရှိသူ(၂၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR