၂၀၂၅ ခုနှစ်၊ (၃၆)နှစ်မြောက် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ၂၀.၁၁.၂၀၂၅ ရက်၊ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ကလေးငယ်များနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်များက “လှမ်းလာခဲ့ပါ ကယားမြေ” သီချင်းဖြင့် အဖွင့်ကပြဖျော်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နောင်အနာဂတ်တွင် နိုင်ငံ့တာဝန်အသီးသီးကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် ကလေးငယ်များ၏ အနာဂတ်ပိုမို တောက်ပစေရန်၊ ကလေးငယ်များအတွက် ကာကွယ်မှုအပြည့်အဝပေးနိုင်ရန်နှင့် ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများကို အတူတကွ ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ကလေးငယ်များအားလုံး ရသင့်ရထိုက်သည့် အခြေခံအခွင့်အရေးများဖြစ်သည့် လုံလောက်သည့် အစားအစာနှင့်အာဟာရ၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးကင်းလုံခြုံသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် နိုင်ငံတော်မှ  မူဝါဒများ၊ စီမံချက်များနှင့် မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း မူဝါဒများ၊ မဟာဗျူဟာများနှင့်အညီ ပြည်နယ်အတွင်းရှိ ကလေးငယ်များ၊ မသန်စွမ်း ကလေးငယ်များနှင့် ပဋိပက္ခအတွင်း ကျရောက်နေသည့် ကလေးငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အားလုံးလွှမ်းခြုံနိုင်သည့် စနစ်ဖြင့် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလေးငယ်များ၏ အနာဂတ်တွင် လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ဌာနဆိုင်ရာများ၊ မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူများအားလုံးက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက် ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေကြသည့် ရင်သွေးငယ်လေးများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ရာ ကလေးငယ်များက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၃၆) နှစ်မြောက် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ Video Clip ပြသမှု၊ အမှတ် (၇၂၂) ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ဖွဲ့ တပ်တွင်းကိုယ်အားကိုယ်ကိုး မူလတန်းကြို ကျောင်း ရင်သွေးငယ်လေးများက “စည်းလုံးခြင်းအတွက်သီချင်း” ၊ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများက “ငိုင်ဂေါ်ဂျိန်းဖော” သီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR