လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ၂၀၂၆- ၂၀၂၇ ဘဏ္ဍာ​ရေးနှစ်၊ ရက်(၁၀၀)စီမံချက်အ​နေဖြင့် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင်ဖွင့်လှစ်ထားရှိသည့် KGနှင့် Grade-1 ​ရှေးဦးအရွယ်က​လေး သူငယ်ပြုစုပျိုး​ထောင်​ရေးနှင့် ဖွံ့ဖြိုး​ရေးဆိုင်ရာ(ဆင့်ပွား)သင်တန်း၌ ဆရာ(၂၀)ဦး၊ ဆရာမ(၂၇၅)ဦး၊စုစုပေါင်း (၂၉၅)ဦးတို့အား(၁၈.၅.၂၀၂၆)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှဒုတိယညွှန်ကြား​ရေးမှူး​၊ဒေါ်ဆင့်မှ မြန်မာ့​ရှေးဦးအရွယ်က​လေးသူငယ်ပြုစုပျိုး​ထောင်​ရေးဆိုင်ရာမူဝါဒ၊ က​လေးသူငယ်ကာကွယ်​စောင့်​ရှောက်ခြင်း၊ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ဥပ​ဒေအ​ကြောင်းအရာများ ​ဟော​ပြော​ဆွေး​နွေးခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဦးတင်​မောင်သက်မှ ပြစ်မှုဆိုင်ရာဥပ​ဒေနှင့် ပတ်သက်၍ အသိပညာ​ပေးခြင်းများနှင့်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူး​၊ ဒေါ်​နော်ရူဘီစိုးနှင့်တာဝန်ရှိသူများမှ သဘာဝ​ဘေးအန္တရာယ်နှင့်ပတ်သက်၍​အသိပညာ​ပေး​ဟော​ပြော​ဆွေး​နွေးခြင်း၊ သရုပ်ပြလေ့ကျင့်ခြင်း၊ လက်ကမ်းစာ​စောင်​ဝေဌခြင်းများဆောင်ရွက်ခဲ့ပါသည်။

Source:DDM


နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR