လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်၍ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်ပြည်သူလူထုအား လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရေးဆွဲပြဋ္ဌာန်းထားသည့် “မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၁၄)” သည် (၃၀-၁၂-၂၀၂၄)ရက်နေ့တွင် (၁၀)နှစ်တိတိပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းများအား (၁၀) နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ပြန်လည်သုံးသပ် မှတ်တမ်းထားရှိရန် မှာကြားလိုပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကရရှိလာမည့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ၊ အကျိုးကျေးဇူး ရလဒ်များ၊ အခက်အခဲများကိုအခြေခံပြီး ပိုမိုကောင်းမွန်တိကျသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တစ်ရပ်အဖြစ် ပြန်လည်သုံးသပ်နိုင်ရန်လည်း အလေးအနက်ပြောကြားလိုပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေသည့်နေရာမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ရန်ပုံငွေအပြင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏ ရန်ပုံငွေထည့်ဝင်မှုပါဝင်နိုင်စေရေး ဆောင်ရွက်ခြင်းဖြင့်လည်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် ဒေသအလိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်သည့်အတွက် အကြံပြုဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ယခု၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင်ကိုယ်ဝန်ဆောင်နှင့် မွေးဖွားလာသောကလေးအသက် (၂)နှစ်ထိထောက်ပံ့ခြင်းနှင့် အသက် (၈၅)နှစ်အထက် သက်ကြီးပုဂ္ဂိုလ်များကိုထောက်ပံ့ခြင်းအစီအစဉ်(၂)ရပ် ထောက်ပံ့မှုဆောင်ရွက်ရာတွင် ငွေသားလုံခြုံမှုရှိစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့သည့်နည်းလမ်းကို စတင်အသုံးပြုဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း၊ယင်းအစီအစဉ်(၂)ရပ်အား ဘဏ္ဍာရေးနှစ်အတွင်း သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် အချိန်မီထောက်ပံ့ပေးအပ်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားကြရန် ထပ်လောင်းပြောကြားလိုပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကော်မတီဝင်ဝန်ကြီးဌာနများအနေဖြင့်လည်း ပြည်သူများအတွက် မိမိတို့ ဆောင်ရွက်ပေးရမည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့ ယနေ့အစည်းအဝေး ဆွေးနွေးချက်များမှ ရရှိလာမည့် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုချက်များ၊ တင်ပြချက်များကိုလည်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သည့်အချိန်တွင် အလေးထားထည့်သွင်း ဆောင်ရွက်သွားနိုင်ရေး မှတ်တမ်းတင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR