လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် ဟင်္သာမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ၌
ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် (၂.၉.၂၀၂၁)ရက်နေ့တွင်
ရွှေ့ပြောင်းအိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၆၀၀၀၀၀)၊လူဦးရေ
(၂၅)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅၂၅၀၀)၊စုစုပေါင်းရန်ပုံငွေ(၆၅၂၅၀၀)နှင့်
လူဦးရေ (၂၅)ဦးအတွက် Surgical
Masks (၅၀)ခုတို့အား (၄.၉.၂၀၂၁)ရက်နေ့(၁၂:၃၀)နာရီတွင် ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ
တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
နောက်ဆုံးရသတင်းများ
ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း
၀၇ ဇူလိုင် ၂၀၂၅




ပျဉ်းမနားမြို့နယ်အတွင်း ငလျင်ဘေးထောက်ပံ့မှုသတင်း
၀၃ ဇူလိုင် ၂၀၂၅
လယ်ဝေးမြို့နယ်အတွင်း ငလျင်ဘေးထောက်ပံ့မှုသတင်း
၀၂ ဇူလိုင် ၂၀၂၅

အများပြည်သူသို့ အသိပေးကြေညာချက်
၀၁ ဇူလိုင် ၂၀၂၅