၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ( ၁၆ ) ရက်တာလှုပ်ရှားမှု အခမ်းအနားအား မန္တလေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်‌ရေး ကြီးကြပ်မှုအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ ဝင်များ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်‌ရေးအသင်းတို့မှ ကော်မတီအဖွဲ့ဝင် များတက်‌ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှု အောက်ရှိ အမျိုးသမီးသက်မွေးအတတ်သင်ကျောင်းမှ အမျိုးသမီးကလေးသူငယ်များမှလည်း ကောင်း၊ နားမကြားသောကလေးများကျောင်းမှ ကျောင်းသူလေးများမှလည်းကောင်း၊ အမျိုးသမီး ကလေးများသင်တန်းကျောင်းမှ သမီးငယ်လေးများမှလည်းကောင်း၊ ဧရိပ်မွန်အမျိုးသမီးဂေဟာ မှ သမီးငယ်လေးများမှလည်းကောင်း၊ ပြည်လုံးချမ်းသာ ပရဟိတဂေဟာမှ သမီးငယ်လေးများမှလည်းကောင်း အကပဒေသာဖြင့် တေးသရုပ်ဖော်ကပြပြီး တိုင်းဒေသကြီး အစိုးအရအဖွဲ့ဝန်ကြီး ချုပ်မှလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်မမမှလည်းကောင်း၊ မြို့တော်ဝန် ဦးကျော်ဆန်းမှလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှလည်း ကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှု အဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးတို့မှလည်းကောင်း တေးသရုပ်ဖော်ဖြင့်ကပြ ဖျော်ဖြေပေးခဲ့ပါသော အမျိုး သမီးကလေးငယ်လေးများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနား ကို စုစုပေါင်း လူဦးရေ (၂၈၀) ဦးခန့်ဖြင့် ( ၂၆-၂၇ လမ်းကြားနှင့် ၇၁ လမ်း ) ချမ်းအေးသာစံမြို့နယ်၊  မန္တလေးမြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာဖြင့် နံနက် (၁၀း၂၅) နာရီအချိန်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR