၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ 

နံနက်(၁၀:၀၀)နာရီ

လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ နေပြည်တော်

       လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) (မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ၂၀.၇.၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။  

       အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုအစည်းအဝေးသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) (မူကြမ်း) ရေးဆွဲရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ်သည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များအတွက် အမှန်တကယ်လိုအပ်သော ဦးစားပေးနယ်ပယ်များ ဖြစ်ပါကြောင်း၊ ဦးစားပေးနယ်ပယ်(၁၂)ရပ်ကို မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီများက ဦးဆောင်၍ ရေးဆွဲကြရသည့်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကဏ္ဍနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းယန္တရားများကဏ္ဍ(၂)ရပ်ကို လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူရေးဆွဲမှာဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုလုပ်ငန်း ကော်မတီဝင်များအနေဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု (မူကြမ်း) zero draftနှင့် ပတ်သက်ပြီး လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် ညွှန်ကိန်းများတွင် ကြုံတွေ့ရနိုင်ဖွယ်ရှိသော အခက်အခဲများကိုလည်း ဆွေးနွေးပေးစေလိုပါကြောင်း၊ NSPAW Phase II ရေးဆွဲနိုင်ရေးအတွက် လိုအပ်သောအချက်အလက်များကို အကြံပြုဆွေးနွေးပေးကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် NSPAW II အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

       အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကဏ္ဍမူဘောင်(မူကြမ်း)အား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို မွန်းလွဲ(၁၃:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR