လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(တာချီလိတ်)၌ စခန်း အခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို (၂၇-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(တာချီလိတ်)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

၂

           အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ရီရီခိုင်က မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာနှင့်တဝှမ်း ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ကာကွယ်တွန်းလှန်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့များဖွဲ့စည်းကာ မူးယစ်ဆေးဝါးချုပ်ငြိမ်းစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ မူးယစ်ဆေးဝါး အန္တရာယ်သည် အရှိန်အဟုန်ဖြင့် ကြီးထွားလာနေပါကြောင်း၊ မိမိပတ်၀န်းကျင် မိသားစုမှအစပြုပြီး ကမ္ဘာနှင့် အဝှမ်းရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံအသီးသီး၌ ဥပဒေ/နည်းဥပဒေများထုတ်ပြန်ပြီး တားဆီးကာကွယ်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက်လုပ်ဆောင်နေကြပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းသည်မိသားစုကြောင့်၊ ပတ်၀န်းကျင်ကြောင့်လုပ်ငန်းခွင်တွင်ပင်ပန်းခြင်းကြောင့် စိတ်ညစ်ခြင်း/ ပျော်ရွှင်ခြင်းစသည့် အကြောင်းအမျိုးမျိုးကြောင့် မူးယစ်ဆေးဝါးစတင်သုံးစွဲရာမှ မူးယစ်နွံမှ ရုံးမထွက် နိုင်ဘဲ ဘ၀ဆုံးရှုံးကြရသည့်အခြေအနေထိ ရောက်ရှိနေပါကြောင်း၊ အဆိုပါဘဝမှ ရုန်းထွက်ချင်သော် လည်း အခြေအနေမပေးသောကြောင့် သုံးစွဲသူသာမက ၎င်း၏ ပတ်ဝန်းကျင်ရှိသူများကိုပါ မူးယစ်၏ သားကောင်များအဖြစ် ရောက်ရှိနိုင်ပါကြောင်း၊ ယခုအခါ မူးယစ်ဆေးသုံးစွဲသူများသည် ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာမကျန်၊ အသက်အရွယ်မရွေး အလွန်များပြားနေပါကြောင်း၊ ထို့ကြောင့်နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးသုံးစွဲမှုကို ထိထိရောက်ရောက် တားဆီးနိုင်ရေး၊ တဖန် ပြန်လည်သုံးစွဲနိုင်ခြင်းမရှိစေရေး ဆေးသုံးစွဲသူများရှိသည့် ရပ်ကွက်/ကျေးရွာများအထိ မူးယစ်ဆေး ဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား များအနေဖြင့် ယခုကဲ့သို့ နိုင်ငံတော်မှ စရိတ်စက အကုန်ကျခံပြီး မူးယစ်ဆေးကျေးကျွန် အဖြစ်မှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနေသည့်အတွက် ဆေးဖြတ်ပြီး မိမိအိမ်သို့ပြန်ရောက်သည့်အခါ စိတ်သစ်၊ လူသစ်၊ ဘ၀သစ်နဲ့ ပြန်လည်စတင်ရန်လိုအပ်ပါကြောင်း၊ ဆေးသုံးစွဲစဉ်ကြုံတွေ့ခဲ့ရသည့် မိသားစုဆင်းရဲဒုက္ခ၊ မိမိ၏ကျန်းမာရေး အခြေ အနေ၊ မိမိသားသမီး ညီအစ်ကို မောင်နှမ၊ မိဘများ အား ပတ်၀န်းကျင်၏ ကဲ့ရဲ့ခံရမှုများကို စိတ်သစ်၊ လူသစ်နဲ့ စတင်ပြီး ပြန်လည်ပေးဆပ် သွားရန်လို ပါကြောင်း၊ မိမိတို့၏ မျိုးဆက်များသည် မူးယစ်ဆေးကင်းစင်ပြီး နိုင်ငံတော်ရဲ့ အုတ်တချပ်၊ သဲတပွင့် သားကောင်းရတနာများအဖြစ် ပေါ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။


            အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား များနှင့် သင်တန်းသားမိသားစုဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး နံနက် (၁၀:၀၀)နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနား ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိခဲ့ ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR