မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို (၂၃.၁.၂၀၂၃) ရက်နေ့မှ (၂၇.၁.၂၀၂၃) ရက်နေ့အထိ မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံးအစည်းအ‌ဝေးခန်းမ၌ သင်တန်းသား (၂၅) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါသင်တန်းတွင် ပြည်နယ်ညွှန်ကြားရေးမှူးကိုယ်စား ဒုတိယညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို (၂၃.၁.၂၀၂၃) ရက်နေ့မှ (၂၇.၁.၂၀၂၃) ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှုအခြေခံသဘောတရားများ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်၊ ပဋိပက္ခများနှင့်အကြမ်းဖက်မှု၊ ပဋိပက္ခလေ့လာဆန်းစစ်မှု၊ ပဋိပက္ခခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်ခြင်းဆက်စပ်ပတ်သက်သူများအား လေ့လာဆန်းစစ်ချက်၊ ပဋိပက္ခများကိုကိုင်တွယ်ဖြေရှင်းမှုနည်းလမ်းများ၊ Social Cohesion & Community Cohesion ၊ Plan of Action ၊ လူ့အခွင့်အရေးများအကြောင်းသိကောင်းစရာများ စသည့်ဘာသာရပ်များအား သင်ကြားပို့ချခဲ့ပြီး ဌာနတွင်းသင်တန်းသား (၁၂) ဦး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (၂) ဦး၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ (၁)ဦးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း (၁၀)ဦး စုစုပေါင်း သင်တန်းသား (၂၅)ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR