ရန်ကုန်တိုင်းဒေသကြီးသို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဖေဖော်ဝါရီလ (၂၈)ရက်နေ့ မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက်ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိကြည့်မြင်တိုင်မျက်မမြင်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းတွင်လက်ခံစောင့်ရှောက်ထားသော အသက်(၆)နှစ်မှ(၁၈)နှစ်အတွင်း မျက်မမြင်ကျောင်းသား/သူ(၁၁၁)ဦးအား မျက်မမြင်လက်စမ်းစာ(Braille Letter)ဖြင့် မူလတန်းပညာရေးကိုကျောင်းတွင်းပညာရေးအဖြစ် သင်ကြားပေးနေမှုများ၊အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာရပ်များကို Inclusive Educationဖြင့် ပညာရေးဝန်ကြီးဌာနများမှ ဖွင့်လှစ်ထားသောကျောင်းများတွင် ဆက်လက်သင်ကြားပေးနေမှုများ၊ ကျောင်းတွင်း/ပြင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုများ၊ Japan Heart အဖွဲ့နှင့်ပူးပေါင်း၍တစ်နှစ်သင်တန်းအဖြစ်ဖွင့်လှစ်သင်ကြားပေးသည့်ဂျပန်နည်းစနစ်ဆိုင်ရာဆေးပညာအကြောပြင်အနှိပ်သင်တန်း လက်တွေ့သင်ကြားပို့ချနေမှုများ၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၏ အကြောပြင်အနှိပ်သင်တန်း(၂)နှစ် သင်ကြား ပို့ချနေမှုများ၊ ဆက်တီခုံကြိမ်ထိုးခြင်းနှင့် ပလတ်စတစ်ခြင်း ယက်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်မျက်မမြင်စစ်တုရင်သင်ကြားနေခြင်းနှင့် Goal Ballအားကစားနည်းလေ့ကျင့်နေခြင်းများကိုလည်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးကမျက်မမြင်သင်တန်းသား/သူများအတွက် ခေတ်မီသင်ကြားမှုစနစ်များနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုနိုင်ရန်အတွက်လေ့လာပြီး လိုအပ်ချက်များတင်ပြရန်၊ သက်မွေးအတတ်ပညာများအားယခုထက်ပို၍ အမျိုးအစားပိုမိုသင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ မျက်မမြင်များအား မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးနိုင်‌ရေးဆောင်ရွက်ရန်၊ ရှေးဟောင်းအဆောက်အဦအားရေရှည်တည်တံ့ရေး သက်ဆိုင်ရာဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျက်မမြင်အားကစားသမားကောင်းများပေါ်ထွက်နိုင်ရေး မသန်စွမ်းအားကစားအဖွဲ့ချုပ်နှင့်ဆက်သွယ်၍စနစ်တကျလေ့ကျင့်ပေးရန်မှာကြားခဲ့ပြီးမျက်မမြင်သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။

ထို့‌နောက်ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်လမ်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့ သွားရောက်၍ စောင့်ရှောက်ထားရှိသော ကလေးသူငယ်များအား  ပြုစုစောင့်ရှောက်ပေးနေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ကလေးပြုစုရေးဌာနဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကလေးတစ်ဦးချင်းစီ၏ ဖွံ့ဖြိုးမှုအခြေအနေများကို အထူးဂရုပြုကြည့်ရှုရမည်ဖြစ်ပါကြောင်း၊ မွေးစမှ အသက်(၁၀)နှစ်အရွယ်အထိ ပြုစုစောင့်ရှောက်ပေးသောဌာနတစ်ခုဖြစ်၍ ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုနှောင့်နှေးနေသောကလေးငယ်များအားပုံမှန်ကလေးများကဲ့သို့ ဖွံ့ဖြိုးမှုတိုးတက်လာအောင် စေတနာထားပြုစုစောင့်ရှောက်ပေးရန်လိုအပ်ပါကြောင်း၊ကလေးများကိုပြုစုစောင့်ရှောက်ပေးရာတွင် သက်ဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ၏ အကူအညီများကိုရယူ၍ စနစ်တကျပြုစုစောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပြီးကလေးများနှင့်တွေ့ဆုံအားပေး၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR