ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၀) ရက်မှ (၁၃) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် မိုင်းလှုပ်ရှားမှု စံသတ်မှတ်ချက်များ ရေးဆွဲနိုင်ရေးဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on National Mine Action Standards Development) သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိဏ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံဒေသတွင်း မိုင်းလှုပ်ရှားမှု ဗဟိုဌာန (ASEAN Regional Mine Action Center - ARMAC) ၊ Geneva International Centre for Humanitarian Demining (GICHD) ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ မိုင်းလုပ်ငန်းဆိုင်ရာ စစ်ဘက်နှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အမျိုးသားအဆင့် မိုင်းလှုပ်ရှားမှု စံသတ်မှတ်ချက်များ အား ဒေသတွင်းလိုအပ်ချက်များနှင့် ကိုက်ညီစွာ ရေးဆွဲရန်၊ အမျိုးသားအဆင့် မိုင်းလှုပ်ရှားမှု အာဏာပိုင်များနှင့်  ဒေသတွင်း/ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်သူများအကြား အန္တရာယ် ဖြစ်နိုင်ခြေအား စီမံခန့်ခွဲခြင်း (Risk Management) ၊ အရည်အသွေး စီမံခန့်ခွဲခြင်း (Quality Management) တို့နှင့်စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြှင့်တင်ဆောင်ရွက်ရန်၊ မိုင်း အန္တရာယ်ဆိုင်ရာ အသိပညာများ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ဖြေရှင်းဆောင်ရွက်မှု နည်းလမ်း များနှင့် အခွင့်အလမ်းကောင်းများအား အာဆီယံဒေသအတွင်း မိုင်းအန္တရာယ်ဆိုင်ရာ ဆောင်ရွက်သူ များအကြား ဆွေးနွေးဖလှယ်ရန်၊ အာဆီယံဒေသအတွင်း စိန်ခေါ်မှုတစ်ခုအဖြစ်တည်ရှိနေသည့် ပေါက်ကွဲစေတတ်သော လက်နက် ပစ္စည်းများ၏ အန္တရာယ်ကို  ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကြိုးပမ်းမှုတို့ကို  တိုးမြှင့်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ အမျိုးသားအဆင့် မိုင်းလှုပ်ရှားမှု စံသတ်မှတ်ချက်များ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်မှုများ၊ အောင်မြင်မှုများ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက် သည့် နည်းလမ်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား နိုင်ငံအလိုက် ရှင်းလင်းတင်ပြ ခြင်းနှင့် အဖွဲ့လိုက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် အမျိုးသားအဆင့် မိုင်းလှုပ်ရှားမှု စံသတ်မှတ်ချက် များ ရေးဆွဲနိုင်ရေးဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on National Mine Action Standards Development) သို့ ပါဝင်တက်ရောက်ခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ မိုင်းလှုပ်ရှားမှု စံသတ်မှတ်ချက်များ (International Mine Action Standards - IMAS) နှင့်အညီ အမျိုးသားအဆင့် မိုင်းလှုပ်ရှားမှု စံသတ်မှတ်ချက်များ (National Mine Action Standards - NMAS) အား ရေးဆွဲဆောင်ရွက်ရန် အရေးကြီးခြင်း၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ ဆောင်ရွက် ရမည့် အခန်းကဏ္ဍနှင့် တာဝန်များ၊ အခြေခံစစ်တမ်းကောက်ယူခြင်း (Non – Technical Survey) ၊ အဆင့်မြင့်စစ်တမ်းကောက်ယူခြင်း (Technical Survey) နှင့် မိုင်းရှင်းလင်းခြင်းဆိုင်ရာ သတ်မှတ် ချက်များ၊ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် အမျိုးသားအဆင့် မိုင်းလှုပ်ရှားမှုစံသတ်မှတ်ချက်များ ရေးဆွဲ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းစဉ်များ၊ အန္တရာယ် ဖြစ်နိုင်ခြေအား စီမံခန့်ခွဲခြင်း (Risk Management) ၊ အရည်အသွေး စီမံခန့်ခွဲခြင်း (Quality Management) တို့နှင့်စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည့် နည်းလမ်းတို့ကို လေ့လာသိရှိရကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR