အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ (MOCHA) ပြင်းအား 

 

 အားအလွန်ကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” သည် (၁၄-၅-၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၁၀၀)မှ မိုင် (၁၁၀) ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ 

 

မြန်မာနိုင်ငံအစိုးရ၏ ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ချက်

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့မှစ၍ လုပ်ငန်းကော်မတီအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သော သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို ဖွင့်လှစ်၍ စတင်လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်

 

အရေးပေါ်ပို့ဆောင်ရေးကဏ္ဍအနေဖြင့် လူစီးယာဉ်၊ ကုန်တင်ယာဉ်နှင့် ရေယာဉ်အပါအဝင် ရခိုင်ပြည်နယ် တွင် စုစုပေါင်းယာဉ်အရေအတွက် (၈၉၀) စီး၊ ချင်းပြည်နယ်တွင် (၃၁၇) စီး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၉၃၀) စီး၊ မကွေးတိုင်းဒေသကြီးတွင် (၁၁၉၆) စီး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၇၉၈၇) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၀၀၁) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄၅၁၉) အိမ်ထောင်စာနှင့် မကွေးတိုင်းဒေသကြီးတွင် (၃၈၀၄) အိမ်ထောင်စာ အသင့်သိုလှောင်ထားရှိခြင်း၊

 

 ဘေးဒဏ်ခံအဆောက်အဦီများအနေဖြင့် Cyclone Shelter၊ Multi-Purpose Shelterနှင့် School-Cum Shelter အပါအဝင် ရခိုင်ပြည်နယ်တွင် စုစုပေါင်းလူဦးရေ (၂၄၈၀၀) ဆံ့ Shelter (၅၄) လုံး၊ ချင်းပြည်နယ်တွင် စုစုပေါင်းလူဦးရေ (၃၂၀၀) ဆံ့ Shelter (၅) လုံး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ (၅၆၀၀) ဆံ့ Shelter (၁၁) လုံးနှင့် မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ (၁၅၀၀) ဆံ့ Shelter (၃) လုံး ၊ အသင့်ပြင်ဆင်ထားရှိခြင်း၊

 

 တပ်မတော်၊ ရဲ၊ မီးသတ်၊ စေတနာ့ဝန်ထမ်းများအပါအဝင် ရခိုင်ပြည်နယ်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ဦးရေ (၂၇၄၃) ဦး၊ ချင်းပြည်နယ်တွင် (၅၅၀)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၆၄၅) ဦး၊ မကွေးတိုင်း ဒေသကြီးတွင် (၃၃၁၅) ဦး ကြိုတင်စုဖွဲ့ထားရှိခြင်း၊

 

 အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၁၂၄) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၄၀) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၆) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၇) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစားယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း တို့ကို ဆောင်ရွက်ထားရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR