လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးဒေါက်တာစိုးဝင်းသည် ဩဂုတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလရေကြီးမှုဖြစ်စဉ်များကြောင့် ရေဘေးသင့်ခဲ့ကြသောပဲခူးမြို့ပေါ်ရပ်ကွက်များရှိရေဘေးရှောင်စခန်းများမှ ရေဘေးသင့်ပြည်သူများအားပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများနှင့်အတူသွားရောက်တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကဖွင့်လှစ်ထားသည့်သဘာ၀ဘေးကွပ်ကဲရေးရုံးသို့ ရောက်ရှိပြီးတိုင်းအတွင်းရေဘေးဖြစ်ပွားမှုအခြေအနေ၊ ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုနှင့် ရေဘေးရှောင်စခန်းဖွင့်လှစ်ထားမှုရှိအခြေအနေများကိုဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ်တို့သည်  မြို့သစ်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသောရေဘေးရှောင်စခန်းသို့ သွားရောက်ကာရေဘေးသင့်ပြည်သူ(၁၇၉၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၆,၁၅၅,၀၀ဝိ)၊ ကြက်ဥ(၃၅၉၀)လုံး၊ ခေါက်ဆွဲခြောက်ထုပ်(၃၅၉၀)ထုပ်တို့ကိုပေးအပ်ထောက်ပံ့ခဲ့ကြပြီးကလေးများအားတိုင်းဒေသကြီးအစိုးရအဖွဲ့ကထောက်ပံ့သောစားစရာမုန့်များပေးဝေကာအားပေးစကားများပြောကြားခဲ့ကြပါသည်။

ဆက်လက်ပြီးပြည်ထောင်စု၀န်ကြီးနှင့်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ်တို့သည်  ကျောက်ကြီးစုရပ်ကွက်၊ အထက်တန်းကျောင်းခွဲ(ကျောက်ကြီးစု)တွင် ဖွင့်လှစ်ထားသောရေဘေးရှောင်စခန်းသို့ သွားရောက်ကာရေဘေးသင့်ပြည်သူ(၁၆၁၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၄,၅၄၄,၀၀ဝိ) ၊ ကြက်ဥ(၃၂၃၂)လုံး၊ ခေါက်ဆွဲခြောက်ထုပ်(၃၂၃၂)ထုပ်တို့ကိုပေးအပ်ထောက်ပံ့ခဲ့ကြပြီးကလေးများအားတိုင်းဒေသကြီးအစိုးရအဖွဲ့ကထောက်ပံ့သောစားစရာမုန့်များပေးဝေကာရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စု၀န်ကြီးနှင့်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ်တို့သည်  ဟံသာဝတီရပ်ကွက်၊ မွန်ဓမ္မာရုံတို့တွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူ(၁၅၀၀)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၃,၅၀၀,၀၀ဝိ) ၊ ကြက်ဥ(၃၀၀၀)လုံး၊ ခေါက်ဆွဲခြောက်ထုပ်(၃၀၀၀)ထုပ်တို့ကိုပေးအပ်ထောက်ပံ့ခဲ့ကြပြီးကလေးများအားတိုင်းဒေသကြီးအစိုးရအဖွဲ့ကထောက်ပံ့သောစားစရာမုန့်များပေးဝေကာရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ ကြပါသည်။

စခန်း(၃)ခုတွင် နိုင်ငံအနှံ့ဖြစ်ပွားလျှက်ရှိသောရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော် အကြီးအကဲနှင့် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုများဖြင့် စီမံခန့်ခွဲဆောင်ရွက်ပေးနေမှုများ၊ ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ရေဘေးဖြစ်ပွားပြီးနောက်  အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် အဖွဲ့အဆင့်ဆင့်၏ အနီးကပ်ကြီးကြပ်မှုများဖြင့် ပြန်လည်ထူထောင်ရေး၊ ဆောင်ရွက်ပေးမည့်အခြေအနေများကိုပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ကရှင်းလင်းပြောကြားအားပေးခဲ့ကြကြောင်းနှင့် ယနေ့ထောက်ပံ့မှုစုစုပေါင်းမှာငွေကျပ်သိန်းပေါင်း(၅၂၇)သိန်းကျော်ဖြစ်ကြောင်း၊ အမျိုးသားကော်မတီ၏လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပဲခူးတိုင်းအတွင်းရေဘေးသင့်ပြည်သူများအားရေဘေးစတင်ဖြစ်ပွားသည်မှစ၍ ယနေ့အထိထောက်ပံ့မှုပေါင်းမှာကျပ်သိန်းပေါင်း (၃၂၁၀)နီးပါးဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR