လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သုံးခွ အနောက်ကျေးရွာအုပ်စု၊ အောင်ဘုံသာကျေးရွာ၊ ကွင်းအမှတ်(၈၄၂A)၌ (၂၀-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် နေအိမ်အတွင်း၌ ထင်းမီးဖိုဖြင့် ဟင်းနွေးခဲ့ရာ အနီးရှိ ကတ်ထူစက္ကူ ဟောင်းစုပုံထားရာသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှ (၁၅×၁၅)ပေ သွပ်မိုး၊ ပျဥ်ခင်း၊ ပျဥ်ကာ နေအိမ်(၁)လုံး(လုံးဝပျက်စီး)မီးလောင်ဆုံးရှုံးခဲ့ရာ အဆိုပါ မီးဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာတို့အား (၂၂-၃-၂၀၂၃) ရက်နေ့၊(၁၂း၀၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့‌ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်

MOS

DSW

DDM

DOR