လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူး လွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး (EC) အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှု များမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အပေါ် သက်ဆိုင်ရာဝန်ကြီး ဌာနများက ပေးပို့လာသည့် သဘောထားမှတ်ချက်များနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဆိုင်ရာ ထုတ်ပြန်ကြေညာချက် (မူကြမ်း) (Statement) တို့အပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR