လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပွတ်ခရိုင်ကျေးရွာအုပ်စု၊ ပွတ်ခရိုင်ကျေးရွာ၌ (၂၄-၇-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေ ပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော လူနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၅၀,ဝဝဝိ/-)၊အိမ်ထောင်စု(၁)စုမှလူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၀၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၇၅,၀၀ဝိ/-)အား (၂၄-၇-၂၀၂၅)ရက်နေ့၊ ညနေ(၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။ 

Source: DDM 

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR