လူမှုဝန်ထမ်းဦးစီးဌာနနှင့် Association Francois- Xavier Bagnoud (AFXB) အဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေးအတွက်ရှင်းလင်းတင်ပြခြင်းဆိုင်ရာ အစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင်   ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းတစ်ခုတည်းကသာမက ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယင်းအဖွဲ့အစည်းများသည် grass root level ထိ ရောက်အောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု သုံးသပ်အကဲဖြတ်ရေးအဖွဲ့ (Monitoring and Evaluation Team) ဖြင့်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သုံးသပ် အကဲဖြတ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်ပါအတိုင်း ကနဦး၊ ကာလလတ်(ကြားကာလ) အပြီးသတ် အကဲဖြတ် သုံးသပ်ခြင်းတို့အတွက် သက်ဆိုင်ရာဒေသအစိုးရနှင့် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းဖြင့်  လူမှုရေးဆိုင်ရာကူညီထောက်ပံ့မှုများရရှိသဖြင့် မိသားစုအကျိုးစီးပွားနှင့် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများရရှိလာနိုင်မည်ဖြစ်ပါကြောင်း   ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများတို့အား စနစ်တကျကြပ်မတ် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် သုံးသပ်အကဲဖြတ်ရေးအဖွဲ့ (Monitoring and Evaluation Team)ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အစိုးရ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နည်းပညာနှင့် ပတ်သက်သော အားသာချက်များရှိပါသောကြောင့် နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနနှင့် AFXB အဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာပါလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ရာ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ အားသာချက်၊ အားနည်းချက်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်တို့ကို သုံးသပ်၍တင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများမှ ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR