တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် “နေ့စဉ်အခွင့်အရေးများ မြှင့်တင်ရေး ကလေးများအသံနားထောင်ပေး” ဟူသောဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ၂၀.၁၁.၂၀၂၅ ရက်၊ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးများ ဘဝမြှင့်တင်ရေးအဖွဲ့တို့မှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာအထက်တန်းကျောင်းများမှကျောင်းသား/ ကျောင်းသူများနှင့် ကလေးမိဘများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကား ပြောကြားပြီးနောက် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့ Video Clip ပြသပြီးနောက် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနမူလတန်းကြိုကျောင်း(၂)ကျောင်းနှင့် ပုဂ္ဂလိကမူလတန်းကြို ကျောင်း(၃)ကျောင်းတို့မှ မူကြိုရင်သွေးငယ်လေးများက တေးသီချင်းများဖြင့် သရုပ်ဖော် တင်ဆက်ကပြ ဖျော်ဖြေခြင်း၊ ကဗျာ/ ပုံပြင်များဖြင့် စွမ်းရည်များအားသရုပ်ဖော်ပြသခြင်းတို့ဖြင့် တင်ဆက်ကပြခဲ့ကြပါသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် သက်ဆိုင်ရာဌာနများမှ ဝန်ကြီးများက မူကြိုရင်သွေးငယ်လေးများအား ဆုလက် ဆောင်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR