ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ ခရိုင်/ မြို့နယ်၊ ဌာနငယ်/ သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းများ၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲကို (၄.၁၁.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမှတ် (၄) မူလတန်းကြိုကျောင်း၊ အမှတ် (၅) မူလတန်းကြိုကျောင်း၊ တောင်ဥက္ကလာပမူလတန်းကြိုကျောင်း၊ မြောက်ဥက္ကလာပမူလတန်းကြိုကျောင်းနှင့် သုံးခွ (ပျဉ်းမကန်) မူလတန်းကြိုကျောင်းများတွင်လည်းကောင်း၊ ဘုံကထိန်ပွဲများ အသီးသီးကျင်းပပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်) ၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ သုဝဏ္ဏမူလတန်းကြိုကျောင်း၊ သာကေမူလတန်းကြိုကျောင်းများတွင်လည်း ကျောင်းအလိုက် တန်ဆောင်တိုင်နိဗ္ဗာန်ဈေး ပွဲတော်များအား ကျင်းပပြုလုပ်ခဲ့ကြပါသည်။




နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR