မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌ ရပ်ရွာအခြေပြု Bold ကလစ်ပြုလုပ်နည်း   သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၂.၁၁.၂၀၂၅) ရက်၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ရပ်ရွာအခြေပြုသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းဖွင့်လှစ်နိုင်ရေး ထောက်ပံ့ပေးအပ်မှုအခြေအနေ၊  သင်တန်းကိုအကျိုးရှိစွာ သင်ကြားသွားရန်နှင့် ပြန်လည်အသုံးပြုနိုင်ရေး၊ ဈေးကွက်ဝင်သည်အထိ  ကြိုးပမ်းနိုင်ရေး ပြောကြားပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ သင်တန်းသို့ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ဌာနငယ်/ကျောင်းများမှ ဆရာမများ၊ ချောင်းဆုံမြို့နယ် ရပ်ရွာအခြေပြု လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း (၁၅) ဦးတက်ရောက်ပြီး   သင်တန်းကာလမှာ (၁၂.၁၁.၂၀၂၅) ရက်မှ  (၁၅.၁၁.၂၀၂၅) ရက်ထိ (၄) ရက်တာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR