ဇွန်လ (၂၆) ၊ နေပြည်တော်

၁။         လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ် (၁၃:၀၀)နာရီတွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးကြည် ဦးဆောင်၍ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

၂။            ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာတွင် လုပ်ငန်းကော်မတီ၏လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကို ကျင်းပဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းကော်မတီဝင်ဌာနများ၊ အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာပြီး လူကုန်ကူးခံရသူများ ကို အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ဖို့ဖြစ်ကြောင်း၊  လူကုန်ကူးခံရသူများ အား လက်ခံစောင့်ရှောက်ရေးဂေဟာများ၏ ဝန်ဆောင်မှုများသည် နိုင်ငံတကာစံနှုန်းများနှင့် အညီဖြစ်ရန် လိုအပ်သောကြောင့် ၎င်းစံနှုန်းများကို အခြေခံ၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဝန်ဆောင်မှုများဖြစ်ရေး ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင်လည်း ၎င်းတို့လိုအပ်ချက်နှင့် ကိုက်ညီပြီး ရေရှည် တည်တံ့နိုင်သော ထောက်ပံ့မှုများပေးရန်လိုအပ်ကြောင်း၊ ထို့အပြင် ရပ်ရွာအတွင်း အောင်မြင်သော ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်း ဖြစ်ရန်အတွက် ခွဲခြားဆက်ဆံမှု မရှိစေရေး အားလုံး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဆောင်ရွက်သည့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းများသည် ထိရောက်မှုမရှိပါက နောက်ထပ်တဖန်လူကုန်ကူး ခံရနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

၃။           ဆက်လက်၍ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် (၂၀၂၄)ခုနှစ်၊ လုပ်ငန်းစီမံချက်ပါ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများအနက် လုပ်ငန်းရပ် (၂၅)ခုကို အဓိကတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လ အတွင်း လုပ်ငန်းရပ်(၁၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ဖော်ထုတ်အတည်ပြုပြီးဖြစ်သော "လူကုန်ကူးခံရ သူများအား ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်း အစီအစဉ်" (National SoPs) ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာ တွင် စံလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များအတိုင်း ဂရုပြုလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့များသို့ စံလုပ်ငန်းအစီအစဉ်အား မိတ်ဆက်ခြင်း၊ ဝန်ဆောင်မှုပေး နေသူများအတွက် စံလုပ်ငန်း အစီအစဉ်အသုံးပြုနည်းသင်တန်းများ ဖွင့်လှစ်ခြင်းစသည် တို့ကို စဉ်ဆက်မပျက်ဆောင်ရွက် ရန်လိုအပ်ကြောင်း၊        မိမိတို့လုပ်ငန်းဆောင်ရွက်ချက် များ ၏ အထောက်အထား၊ ကိန်းဂဏန်း အချက်အလက်များ၊ မှတ်တမ်းဓါတ်ပုံများကို စနစ်တကျပြုစုထားပြီး၊ အစီရင်ခံစာပြုစုရာတွင် လုပ်ဆောင်ချက်များကို ထိမိပေါ်လွင်အောင် ထည့်သွင်းဖော်ပြရန်ဖြစ်ကြောင်း၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ရေတို၊ ရေရှည်စသည်ဖြင့် သတ်မှတ်၍ စဉ်ဆက်မပျက် အကောင်အထည်ဖော်သွားရန်လိုအပ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာသည့် လုပ်ငန်းကော်မတီဝင်များအနေဖြင့် ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် ပြောင်းလဲဖြစ်ပေါ်နေသော လူကုန်ကူးမှုပုံစံသစ်များနှင့် လမ်းကြောင်းများကိုသိရှိပြီးထိရောက်သည့် တားဆီးကာကွယ်မှု များ ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊  မိမိတို့လုပ်ငန်းကော်မတီမှ ဆက်လက်အကောင်အထည်ဖော်ရမည့်  ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းများကို ကျန်ရှိသည့်(၆)လတာ ကာလအတွင်း ရာနှုန်းပြည့်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။

၄။           ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ချက်၊ အကြံပြုချက်၊ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၄)ချက် ချမှတ်ခဲ့ပါသည်။

၅။            အစည်းအဝေးသို့ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်(၂၅)ဦး တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidမှလာရောက်တွေ့ဆုံ
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ ဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR