တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၂၁၈၇)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၉၈)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၆)စီး၊ Mobile Solar စနစ် (၃)စုံ တို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၂၀၇၀၀) ဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေသန့်စင်ပုံး Life Straw ဖြန့်ဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၁၀)ပုံး ဖြန့်ဝေပေးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၉၈ % ရှိခြင်း၊

 

လျှပ်စစ်ဓာတ်အား ပြန်လည်အသုံးပြုနိုင်မှုအနေဖြင့် (၇-၆-၂၀၂၃)ရက်နေ့မှစ၍ ဓာတ်အားစတင်ဖြန့်ဖြူးနိုင်ခဲ့ပြီး စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် (၅၆)%၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များတွင် (၁၀၀)% အသုံးပြုလျက်ရှိခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးအတွက် ၄၉ % နှင့် ပညာရေးအတွက် ၇၀ % ဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် ရေငန်ဝင်ရောက်ခဲ့သည့်မြေသားရေကန် ဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ပြီး (၁၉၅)ကန်၊ ဆောင်ရွက်ဆဲ (၁၈)ကန်နှင့် ဆောင်ရွက်ရန်ကျန် (၉)ကန် ပြုပြင်ပြီးစီးခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့သည်ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်း၊ တံတား ပြင်ဆင်မှုအနေဖြင့် လမ်း (၆၃.၂၈)% ၊ တံတား (၆၂.၅)% နှင့်  အဆောက်အဦ (၃၁.၁၂)% ဆောင်ရွက်ပြီးစီးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် တပ်မတော်အထူးဆေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် အထူးဆေးအဖွဲ့ (၂)ဖွဲ့၊ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ (၁၀)ဖွဲ့၊ မျက်စိရောဂါကုသမှု (၂၈၉)ဦး၊ အထွေထွေရောဂါကုသမှု (၁၁၅၈၁)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံးများတွင် ပြင်ပလူနာ (၁၄၅၂၈)ဦး နှင့် အတွင်းလူနာ (၁၁၀၀)ဦး ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (၇၇၂၆)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၅၃၉၀၁)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၅၃၇၁၇) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၃၉၄၆)ကြိမ်၊ ကျန်းမာရေးအသိပညာပေးခြင်း (၇၇၃၆)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၁၀၆၂၂)ဦး ဆောင်ရွက်လျက်ရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၅၂၄)လိပ်/(၁၂၄၃)ထုပ်/(၂၃၇)စ၊ မိုးကာတဲ (၁၄၈၈)လုံး၊ သွပ် (၃၂၂၇၀၅)ချပ်၊ သွပ်သံ (၆၄.၀၁၅)တန်၊ အိမ်ရိုက်သံ (၂၅.၁၅)တန်၊ ခေါက်ဆွဲခြောက် (၃၄၈၀၀၄)ထုပ်/(၅၀၉)ကီလို/(၂၇၀၇)ဖာ၊ ဆန် (၆၂၄၁၉)အိတ်၊ ချင်းပြည်နယ်တွင် ဆန် (၆၄၀)အိတ်နှင့် သစ်ခွဲသား (၁၇၅၆.၅)စစ်တွေမြို့သို့ရောက်ရှိပြီး ဆက်လက်တင်ပို့ဆဲ သစ်ခွဲသား(၄၄၆.၀၈၉)တန်၊ ရန်ကုန်မြို့တွင် အသင့်ရှိ သစ်ခွဲသား (၉၅)တန် ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ပစ္စည်းများ တင်ပို့မှုအနေဖြင့် (၉-၆-၂၀၂၃)ရက်နေ့တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ Y-8 (5821) လေယာဉ်ဖြင့် (၈၀၀၀)ကီလိုဂရမ်  တင်ပို့လျက်ရှိခြင်း၊

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄၈ ဦး

 

ဒဏ်ရာရ  -  ၁၃၂ ဦး

 

ထိခိုက်ပျက်စီမှုအခြေအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် -

နေအိမ်ပျက်စီး  -  ၂၁၃၂၈၆ လုံး

 

စာသင်ကျောင်း  -  ၁၇၃၃ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၃၆၅၉ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၃၈၈ ခု

 

တာဝါတိုင်    -  ၁၆ တိုင်

 

ဓာတ်တိုင်   -  ၇၃၁၄ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၂၆၇၅၈၈ ကောင်

 

ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းတို့မှ အထူးကုဆေးအဖွဲ့၊ ဆေးကုသမှုအဖွဲ့နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (၁၄)ဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။ 

 

အထူးကုဆေးအဖွဲ့၊ ဆေးကုသမှုအဖွဲ့နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ လိုအပ်ပါက ထပ်မံစေလွှတ်နိုင်ရေး အဆင်သင့် ဖွဲ့စည်းထားရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR