ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကြောင့် ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၆  ရက်နေ့မှစ၍ ‌ခေတ္တပိတ်ထားခဲ့ရသော လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သော ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ အတည်ပြုချက်အရ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့၏ (၁၁-၁၁-၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ (၁၅-၁၁-၂၀၂၁)ရက်နေ့မှစတင်၍ ပြန်လည် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။

         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် အသက် ၃ နှစ်မှ ၅ နှစ်အတွင်းရှိ မူလတန်းကြိုအရွယ် ကလေးငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုများရရှိနိုင်စေရန် ရည်ရွယ်၍ မူကြိုကျောင်းများဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ၂၀၂၀ပြည့်နှစ် မတ်လအထိ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ဌာနမူလတန်းကြိုကျောင်း(၁၄၂)ကျောင်းတွင်  ကလေးဦးရေ(၁၉၀၆၉)ဦးကို သင်ကြားလေ့ကျင့်ပေးလျက်ရှိပါသည်။ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအခြေအနေကြောင့် မူလတန်းကြိုကျောင်းများကို (၁)နှစ်ကျော်ကြာ ပိတ်ထားခဲ့ရပါ သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်သည့်အချိန်တွင်  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များ တွင် ဌာနမူလတန်းကြိုကျောင်း (၈၇)ကျောင်းကို (၁၅-၁၁-၂၀၂၁) ရက်နေ့မှစဖွင့်လှစ်၍ ကလေးဦး‌ရေ (၂၂၄၅)ဦးကိုလက်ခံပြီး သင်ကြားလေ့ကျင့် ပေးလျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ဒေသအခြေအနေများအရ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသောဒေသများတွင် ကလေးငယ်များ အတွက် သင်ကြားလေ့ကျင့်မှုများ စဉ်ဆက်မပြတ်ရရှိနိုင်စေရန်   မူလတန်းကြိုကျောင်း (၃၄) ကျောင်းကို (Online) အစီအစဉ်ဖြင့်ဖွင့်လှစ်ပြီး ကလေးဦးရေ (၃၀၇)ဦးကို သင်ကြား လေ့ကျင့်ပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ (၁၅-၁၁-၂၀၂၁)ရက်နေ့တွင် မူလတန်းကြိုကျောင်း ပေါင်း (၁၂၁)ကျောင်းတွင် ကလေးဦးရေ (၂၅၅၂)ဦး တက်ရောက်သင်ယူလျက်ရှိပါသည်။ ထိုနည်းတူစွာ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများကိုလည်း နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံး တွင် တပြိုင်နက်ဖွင့်လှစ်ပြီး သင်ကြားပေးနေပြီဖြစ်ပါသည်။

          ကလေးများသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးမှုများရရှိစေရေး အတွက် ဆရာ၊ မိဘပူးပေါင်း၍ သင်ကြားလေ့ကျင့်ပေးနိုင်ရေးသည် အရေးကြီးပါသဖြင့် မူလတန်းကြိုကျောင်းများသည် ကလေးငယ်များအတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသက်အရွယ်နှင့် အညီရရှိနိုင်ပါသောကြောင့် ဌာနမူလတန်းကြိုကျောင်းများတွင် ကလေးငယ်များအားလုံး ပျော်ရွှင်တက်ကြွစွာဖြင့် တက်ရောက်လျက်ရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR