လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကညွတ်ကွင်းကျေးရွာအုပ်စု၊ ကညွတ်ကွင်းကျေးရွာနှင့် ကညင်ဂဲကျေးရွာအုပ်စု၊  ကညင်ဂဲကျေးရွာတို့၌ (၁၄-၃-၂၀၂၃) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် တစ်စိတ် တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်နှင့် ပြိုကျပျက်စီး နေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး၊ (၂) အိမ်ထောင်စာ၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ  (၂၀၀,၀၀၀/-)ကျပ်တို့အား(၁၄-၃-၂၀၂၃)ရက်နေ၊ (၁၃း၀၀)နာရီအချိန်နှင့် (၁၄း၃၀)နာရီအချိန်တို့တွင် မြောင်းမြမြို့နယ်၊ ကညွတ်ကွင်း ကျေးရွာအုပ်စု၊ ကညွတ်ကွင်းကျေးရွာနှင့် ကညင်ဂဲကျေးရွာအုပ်စု၊ ကညင်ဂဲကျေးရွာရှိ ဘေးသင့်ပြည်သူ များထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR