၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ဌာနငယ် ခရိုင်/ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ရုံးများ၊ ဌာနငယ်သင်တန်းကျောင်းများမှ အရာထမ်း/ အမှုထမ်းများအား တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ (၈/၂၀၂၅) အစည်းအဝေးမှတ်တမ်း ကောက်နုတ်ချက်နှင့် ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ဝန်ထမ်းများ အားလုံးတန်းစီ၍ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ရွတ်ဆို ခြင်းများအား လိုက်နာဆောင်ရွက်သွားကြရန်၊ မကြာမီကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် မိမိတို့သည်နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အလျောက် ကျရာအခန်းကဏ္ဍအလိုက် အောင်မြင်အောင် ခံယူချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်များ၊ အရေးကြီးသည့် ညွှန်ကြားချက်၊ ထုတ်ပြန်ချက်များအား အောက်ခြေအဆင့် ဝန်ထမ်းများအထိ သိရှိနိုင်ရေး တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် နိုင်ငံတော်အလံအား အလေးပြုအပြီး တန်းစီချိန်အတွင်း ဖတ်ကြားဆောင်ရွက်သွားရန် ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊ ဌာနငယ်/ သင်တန်းကျောင်း  တာဝန်ခံများအားလည်းကောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ စည်းမျဉ်းစည်းကမ်းများအားလည်းကောင်း၊ ညွှန်ကြားချက်၊ ထုတ်ပြန်ချက်များအားလည်းကောင်း  လေးစားလိုက်နာသွားရန် ရှင်းလင်းပြောကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR