လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ယန်းခ ကျေးရွာအုပ်စု၊ ယန်းခကျေးရွာနှင့် ဆွတ်ရွဲကျေးရွာတို့၌ (၂၁-၇-၂၀၂၂) ရက်နေ့နှင့် (၂၂-၇-၂၀၂၂) ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀/-) ကျပ်တို့အားလည်းကောင်း၊ နမ့်နီ/နမ့်လုံကျေးရွာအုပ်စု၊ ကဲ​ရွှေ(မိုင်းယွန်း)ကျေးရွာ၌ ငလျင် ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘာသာရေးအဆောက်အဦ(ခရစ်ယာန်ကျောင်း) (၁) လုံး (တစ်စိတ် တစ်ပိုင်း) အတွက် ထောက်ပံငွေ (၅၀,၀၀၀/-)၊ စုစုပေါင်းထောက်ပံငွေ  (၂၂၁,၀၀၀/- )ကျပ်တို့အား လည်းကောင်း (၂၅-၇-၂၀၂၂)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်ခန့်တွင် သက်ဆိုင်ရာရပ်ကွက်​ကျေးရွာအုပ်ချုပ်​​​ရေးမှူး၊ စာရေးတို့မှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR