လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် (၆.၆.၂၀၂၂) ရက်နေ့မှ (၁၇.၆.၂၀၂၂) ရက်နေ့အထိ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှသင်တန်းသား (၃၀) ဦး ဖြင့် ဖွင့်လှစ်ခဲ့သည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းနှင့် ဝန်ထမ်းများရုံးလုပ်ငန်း/ ဘတ်ဂျက် သင်တန်းတို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇.၆.၂၀၂၂) ရက်နေ့ နေ့လယ် (၁:၀၀) နာရီတွင် Online/ In person ဖြင့် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနငယ်/ သင်တန်းကျောင်းမှ ကျောင်းအုပ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းနှင့် ဝန်ထမ်းများ ရုံးလုပ်ငန်း/ ဘတ်ဂျက်မှ သင်တန်းသား/ သူများ ကိုယ်စား သင်တန်းသား/သူတစ်ဦးတို့မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR