လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)ကျေးရွာအုပ်စု၊ ချောင်းဂွ(ဂျီ) ကျေးရွာ၌ (၆-၄-၂၀၂၃)ရက်နေ့ (၁၃း၄၅)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးလူနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိလူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာဖိုး ထောက်ပံ့ငွေ(၁၄၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀ဝ/-)ကျပ်နှင့် ပျက်စီးလူနေအိမ်(၁)လုံးရှိအိမ်​ထောင်စု(၁)စု အတွက် လေးထောင့်ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးနှင့် စက္ကူကတ္တူပုံး(၁)ပုံးတို့အား (၇-၄-၂၀၂၃) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာ ချောင်းဂွ (ဂျီ)ကျေးရွာရှိ ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅) ကျင်းပဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးသည်မန္တလေးတိုင်းဒေသကြီးအတွင်းရှိလူမှုဝန်ထမ်းလုပ်ငန်းရပ်များနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းရပ်များကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR