၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု ဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၇/၂၀၂၅) သင်တန်းဆင်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ 

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း‌ဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းသူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ရာတွင် ဒေသနှင့်ကိုက်ညီမှု ရရှိစေသည့်အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား ယခင်နှစ်များနည်းတူ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြးပေးလျက်ရှိပါကြောင်း၊ မိသားစုအလိုက် ဝင်ငွေရရှိမှသာ ဆင်းရဲနွမ်းပါးမှုလျော့ချပြီး ကလေးသူငယ်များ လုပ်ငန်းခွင်ဝင်ရောက်မှုလျော့ပါးကာ ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများ ပညာရေးလက်လှမ်းမီစေရန်နှင့် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် စာတွေ့လက်တွေ့ သင်ကြားမှုရရှိသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်ရည်ရွယ်ပြီး သင်ကြားပေးခြင်းဖြစ်သည့်အတွက် တန်ဖိုးရှိတဲ့သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ယခုလို သင်တန်းများဖွင့်ပေးရခြင်းမှာ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပပျောက်ရေးအတွက်လည်းကောင်း၊ ရပ်ရွာအခြေပြုလုထုအတွက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးမှ သင်တန်းသူများ အားလုံးကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြင့်ခဲ့သည်။ ၎င်းနောက် သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးမှာကျေးဇူးတင်စကားပြောကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထား‌သော အဝတ်အထည်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR