(၅-၆-၂၀၂၁) ရက်နေ့တွင် နမ်စန်မြို့၌ မိုးသည်းထန်စွာရွာသွန်း​ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ ပုတ်ပျံကျေးရွာ၌ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် နေအိမ်(၁၁)လုံး အမိုးလန်ပျက်စီးခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုအလိုက် သတ်မှတ်ထောက်ပံ့နှုန်းထားအတိုင်း အိမ်ဆောက်ပစ္စည်းဖိုးစုစုပေါင်းငွေ (၁,၀၆၅,၆၀၀) ကျပ်နှင့်  (၈-၆-၂၀၂၁) ရက်နေ့တွင်နမ်စန်မြို့၊ မက်မွန်းမုန်းကျေးရွာအုပ်စု၊ အမှတ်(၂)ကျေးရွာ၌ မိုးကြိုးထိမှန်၍ သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ် တို့အား (၁၀-၅-၂၀၂၁) ရက်နေ့၊ မွန်းလွဲပိုင်း(၁၄:ဝ၀)အချိန်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက နမ်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများနှင့် သေဆုံးသူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR