လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရက် (၁၀၀) အတွင်း လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် (၂၅-၆-၂၀၂၆) ရက်နေ့တွင် နံနက် (၁၀:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီ အချိန်ထိ မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းတွင်ကျောင်းသား (၁၄၅) ဦး၊ ကျောင်းသူ (၇၅) ဦး၊ ဆရာ/ ဆရာမ (၈) ဦး၊ စုစုပေါင်း (၂၂၈) ဦးတို့အားလည်းကောင်း၊ နေ့လည် (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ မြဝတီမြို့ အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတွင် ကျောင်းသား (၆၀) ဦး၊ ကျောင်းသူ (၆၀) ဦး ဆရာ/ ဆရာမ (၅) ဦး၊ စုစုပေါင်း (၁၂၅) ဦးတို့အားလည်းကောင်း  သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၉) မျိုး လက်ကမ်းစာစောင်များနှင့် ရေဘေးနှင့် မုန်တိုင်းဘေးဗီနိုင်းပိုစတာတို့အား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။

Source:DDM 


နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR