လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး)၌ ယနေ့ (၁၉-၆-၂၀၂၃) ရက်၊ တနင်္လာနေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လားရှိုးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက မြန်မာနိုင်ငံအနေနဲ့ မူးယစ် ဆေးဝါးပြဿနာကို ထိန်းချုပ် နိုင်ရန်အတွက် လမ်းညွှန်မှုများနှင့်အညီ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဉီးစီး ဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ဆက်စပ်ဌာနများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာနှင့် ဒေသအတွင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့့်အဖွဲ့အစည်းများ၊ အရပ်ဖက်မိတ်ဖက် လူမှုအဖွဲ့ အစည်းများနှင့် နည်းလမ်းအမျိုးမျိုးဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ဉပဒေများ၊ နည်းဉပဒေများထုတ်ပြန်ခြင်း၊ တရာမဝင်ဘိန်း စိုက်ပျိုးထုတ်လုပ်မှု ပပျောက်အောင် ဆောင်ရွက်ခြင်း၊ အသိပညာများပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ယခုကဲ့သို့ ပြန်လည်ထူထောင်ရေး စခန်းများဖွင့်လှစ်ပြီး လူ့အသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုလို သင်တန်းများဖွင့်လှစ်ပို့ချနိုင်ခြင်းဖြင့် ရပ်ရွာအတွင်း မူးယစ်ဆေးစွဲနေသော လူငယ်များအား စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၏ အကူအညီဖြင့် ပူးပေါင်းကယ်တင်နိုင်မည်ဖြစ်ပါကြောင်း၊ ရပ်ရွာ လူထုအတွင်းရှိ လူငယ်များအား မူးယစ်ဆေး သုံးစွဲသူဦးရေ လျော့နည်းပပျောက်လာစေရန် ပူးပေါင်း ကူညီရင်းကောင်းမွန်သည့်လူ့အသိုင်းအဝိုင်းအဖြစ် ရေရှည်ရပ်တည်သွားနိုင်စေရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။ 

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် ဌာနဆိုင်ရာမှဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရပ်ဖက်မိတ် ဖက်မှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့နှင့် သတင်းမီဒီယာများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းအား သင်တန်းသား(၂၀)ဦးဖြင့် (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားအား နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR