လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာကျေးရွာ၌ (၂၈-၉-၂၀၂၂)ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက် မှုကြောင့်တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝ/-)၊ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ/-)ကျပ်တို့အားလည်ကောင်း၊ တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်၊  တဘူးရေသိုးကျေးရွ အုပ်စု၊  ရေသိုးရွာသစ်ကျေးရွာ၌ (၇-၁၀-၂၀၂၂) ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက်မှု‌ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၆၀,၀၀ဝ/-)၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-) ကျပ်တို့အား လည်းကောင်း၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊  ဖလုံဘူတာကျေးရွာ အုပ်စု၊  ရွှေ မြိုင်သာယာကျေးရွာ၌ (၂၂-၁၀-၂၀၂၂) ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက်မှု‌ကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀,၀၀ဝ/-)၊  သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)၊ ဒဏ်ရာရရှိသူ(၂)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀ဝ/-)ကျပ်တို့အားလည်းကောင်း၊  (၂၆-၁၀-၂၀၂၂)ရက်နေ့ တွင် တိုက်ကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်

Source: DDM

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR