လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)၌ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို (၁၁-၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ကျိုင်းတုံမြို့ရှိ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မူးယစ်ဆေးဝါး ပြဿနာဟာ ဒီကနေ့ကမ္ဘာမှာ အဆိုးဝါးဆုံးရင်ဆိုင်နေရပြီး တစ်နေ့တစ်ခြား ကြီးထွားလာတဲ့ ပြဿနာတစ်ခု အနေဖြင့် တစ်ကမ္ဘာလုံး နည်းမျိုးစုံ ရင်ဆိုင်ဖြေရှင်းနေရတာဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း အကြမ်း ဖက်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေး စီးဆင်းမှု၊ အဂတိလိုက်စားမှု အကျင့်ပျက်ခြစားမှု များနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ဖြစ်ပေါ်စေကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး ပြဿနာကို ထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအမျိုးမျိုးတွေမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသက်ထွန်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍  သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ထူးချွန်ဆုများပေးအပ်ချီးမြင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ သင်တန်းသားများ၊ စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့ပြီး နံနက် (၁၀:၀၀)နာရီအချိန်ခန့်တွင်  သင်တန်းဆင်းပွဲအခမ်းအနားပြီးမြောက်ခဲ့ပါသည်။ 


နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR