လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြန်လည် ထူထောင်ရေးဦးစီးဌာန၏ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို Online (Zoom) မှတဆင့် (၄. ၁၀. ၂၀၂၁) ရက်နေ့ တနင်္လာနေ့ နေ့လည် ၁၃း၀၀ နာရီတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။



သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းကအမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ပြောင်းလဲလာတဲ့ ဥပဒေ၊ မူဝါဒနဲ့အညီ ၎င်းတို့၏ လူနေမှုဘဝ ပြန်လည်မြင့်တက်လာစေရေး လူမှုရေးဝန်ဆောင်မှု များနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့လာစေရေး ပြန်လည်ထူထောင်ရေးကို အဓိကထားပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် ရပ်ရွာအခြေပြု၊ စခန်းအခြေပြု ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ပိုမိုအရေးပါလာမှာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ကို ပြန်လည်ထူထောင်မှုပေးရာတွင် မူးယစ်ဆေးဝါးပြန်လည်သုံးစွဲခြင်းမရှိစေရန်နှင့် မိမိဘဝမိမိရပ်တည်နိုင်စေရန် ရည်ရွယ်ပြီး ၄င်းတို့ပြန်လည်အသုံးချနိုင်တဲ့ ဒေသနှင့် ကိုက်ညီမယ့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်းတို့ကိုလဲ ဆက်စပ်ဌာန ဆိုင်ရာများနှင့် ချိတ်ဆက်၍ ပြန်လည်ထူထောင်ရေးသင်တန်းကာလအတွင်း နိုင်ငံတော်မှ အကုန်အကျခံပြီး ထိထိရောက်ရောက်ဆောင်ရွက်ပေးသွားရမှာဖြစ်ပါကြောင်း၊ မူးယစ်ဆေး သုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေး၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပေါင်းစည်း ရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့နေရာမှာ ပရဟိတ အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်းပါဝင်လာဖို့ လိုအပ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးစခန်းများမှ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများရဲ့ သဘောသဘာဝကိုနားလည်ပြီး၊ စိတ်ပိုင်းဆိုင်ရာ/ ခံယူချက်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲလာစေဖို့ ယခုသင်တန်းကနေ ကြိုးစားသင်ယူ လေ့လာကြဖို့ မှာကြားလိုပါကြောင်းပြောကြားခဲ့ပါသည်။

Online သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို ၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို)၊ ပြည်သူ့နှလုံးသားအသင်း (မိတ္ထီလာ) တို့မှ တာဝန်ရှိသူများနှင့် ပြန်လည်ထူထောင်ရေးစခန်းများမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆရာဖြစ်သင်တန်း Online (၂/၂၀၂၁) ကို ပြန်လည်ထူထောင်ရေးဦးစီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေး စခန်းများမှ စခန်းမန်နေဂျာ/ တာဝန်ခံများနှင့် ပြန်လည်ထူထောင်ရေးဝန်ထမ်းများ စုစုပေါင်း (၁၅) ဦးဖြင့် (၄. ၁၀. ၂၀၂၁) ရက်နေ့မှ (၁၅.၁၀.၂၀၂၁) ရက်နေ့အထိ ၂ ပါတ်တာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR