နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော အသက် (၆)လမှ (၃)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းနှင့် အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၇.၁၁.၂၀၂၅ ရက်တွင် သီရိရတနာမူလတန်းကြိုကျောင်း၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် နေပြည်တော်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာကြီးကြပ်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားရာ မွေးစမှအသက် (၈) နှစ်အထိ ကလေးသူငယ်များအတွက် မြန်မာ့ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများပြဌာန်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ကလေးသူငယ်များကို လေ့ကျင့် ပြုစုပျိုးထောင်လျက်ရှိပါသည်။ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကြီးကြပ်မှုအဖွဲ့မှလည်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပုဂ္ဂလိကမူလတန်း ကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေး ခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလို သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် မိမိကျောင်း၊ မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်များအား နည်းစနစ်ကျကျပြုစုပျို:ထောင် ပေးနိုင်ရန်နှင့် ကလေးငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စနစ်တကျဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတက်ရောက်ခဲ့သော သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသူ/သားများ အားလုံးကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ယင်းနောက် သင်တန်းသူ/သင်တန်းသားများ သီချင်း၊ကဗျာ၊ ပုံပြင်များဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာသော အဖွဲ့ဝင်များက သင်တန်းချိန်အတွင်း သင်ကြားပြုလုပ်ခဲ့ကြသော သင်ထောက်ကူ ပစ္စည်းများ၊ လက်မှုပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး  အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR