မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်း ရေးဆွဲခြင်းအခြေအနေများနှင့် ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးကို ပိုမို တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ရန်အတွက် မည်သို့ထည့်သွင်းရေးဆွဲထားသည်ကို သိရှိရမည် ဖြစ်၍ စိတ်ဝင်စားမှုရှိပါကြောင်း၊ မသန်စွမ်းမှု အမျိုးအစားများကို အခြေခံမူတည်ပြီး မသန်စွမ်းမှု  အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်း များနှင့်လည်း ဆက်စပ်နေပါကြောင်း၊ တစ်နိုင်ငံ လုံးရှိ မသန်စွမ်းသူများ၏ စာရင်းဇယားများရရှိပြီး ယခုရေးဆွဲနေသော မဟာဗျူဟာနှင့် ချိတ်ဆက် ဆောင်ရွက်ပါက မသန်စွမ်းသူများ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ၂၀၁၉ ခုနှစ်က စတင်ရေးဆွဲခဲ့ပြီး ကဏ္ဍအလိုက် အစည်းအဝေးများနှင့် လုပ်ငန်းစဉ်များ ညှိနှိုင်းအတည်ပြု ပေးနိုင်ရေးလုပ်ငန်းများကို အလေးထားပြီး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ခြင်းသည် နောင်လာမည့်အစိုးရအတွက် လည်း ကြိုတင်ပြင်ဆင်ပေးခြင်းဖြစ်ပါကြောင်း၊ နောက်ဆုံး (မူကြမ်း) အဆင့်ကို ညှိနှိုင်းအတည် ပြုခြင်း၊ လုပ်ငန်းစဉ်များ ပြီးဆုံးပါက ပြည်သူသို့ အသိပေးတင်ပြခြင်းကို ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ပါ အခန်းကဏ္ဍအလိုက် အခန်းကဏ္ဍတိုင်းတွင် ဦးစားပေးလုပ်ငန်းများကို ထည့်သွင်းရေးဆွဲရာ မသန်စွမ်းသူများ၏ အကျိုးစီးပွား၊ အခွင့်အရေးကို ဦးတည်စဉ်းစားရေးဆွဲ ထည့်သွင်းသင့်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း အပြီးသတ် ရေးဆွဲနိုင်ရေးအတွက် Technical Core Group နှင့် ညှိနှိုင်းအစည်းအဝေးများပြုလုပ်ပြီး အကြံပြုချက်များ ရယူသင့်ပါကြောင်း၊ မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုသားအဆင့် မဟာဗျူဟာ (၅) နှစ် စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြည့်စွက် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ညွှန်ကြားရေးမှူးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ် စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်းရေးဆွဲခြင်းနှင့်စပ်လျဉ်းသည့် နောက်ခံအကြောင်းအရာများ၊ ရည်ရွယ်ချက်များ၊ အခြေခံစည်းမျဉ်းများ၊ နည်းလမ်းများ၊ ချိတ်ဆက်ဆောင်ရွက်မှုများ၊ ဆောင်ရွက် သည့်လုပ်ငန်းစဉ်များ၊ ဆပ်ကော်မတီအလိုက် အစည်းအဝေးများကျင်းပပြုလုပ်ခြင်းများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။


               ဆက်လက်၍ နေ့လယ်ပိုင်းတွင်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးအတွက်ကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

               အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က အဖွင့် အမှာစကား ပြောကြားရာတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၏ လုပ်ငန်းစဉ်များမှာ Life Circle Approach ဖြစ်သဖြင့် မိခင်ဝမ်းတွင်းမှ စ၍ သက်ကြီးရွယ်အိုများအထိ အကာအကွယ်ပေးနိုင်ရေး အရေးကြီးပါကြောင်း၊ Social Sector ဖြစ်သည့်အတွက်လုပ်ငန်းများထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ထိုကြောင့် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃)ခုမှ ကော်မတီများ ဖွဲ့စည်းပြီး ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေးစစ်သား အသုံးပြုမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏ နောက်ဆက်တွဲစာရင်းမှ Delist ဖြစ်ပြီးဖြစ်သဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် ကောင်းသောပုံရိပ် လက္ခဏာပင်ဖြစ်ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

               ဒုတိယဝန်ကြီး ဦးအောင်ဝင်းခိုင် က အမှာစကားပြောကြားရာတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ကလေးသူငယ်များအပေါ် ထိခိုက်မှုများရှိပါကြောင်း၊ ကလေးသူငယ်များ အနေဖြင့် ကိုယ်တိုင်ထိခိုက်ခံစားရခြင်းများရှိသကဲ့သို့ မိဘများ၊ မိသားစုဝင်များ ထိခိုက်ခံစားရခြင်း သည်လည်း ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သဖြင့် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးကို ထိပါးခြင်းပင်ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးဥပဒေကို လည်း (၂၀၁၉)ခုနှစ်တွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအတွက် ကြိုတင်ကာကွယ်ပေးခြင်း၊ ကာကွယ်စောင့်ရှောက်ကူညီပေးခြင်း နှင့် ကျူးလွန်ခံရသူများအား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

               ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူက လက်နက်ကိုင်ပဋိပက္ခ အတွင်းကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

          အစည်းအဝေးတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်း ကော်မတီ နှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည် ဖော်နိုင်ရေး အမျိုးသားအဆင့်‌ ကော်မတီ တို့ကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring and Evaluation) လုပ်ငန်းတာဝန်ကို လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်အဖြစ် သတ်မှတ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR