အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင် (မူကြမ်း) ရေးသားထားရှိမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၊ ရွှေဘိုခန်းမတွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေး လုပ်ငန်းကော်မတီ (၁၂) ရပ်မှ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါအစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက အဖွင့်အမှာစကားပြောကြားရာ၌ ယခုအစည်းအဝေးသည် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင် (မူကြမ်း) ရေးသားထားရှိမှုနှင့်ပတ်သက်ပြီး  ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ မူဘောင် (မူကြမ်း) ၏ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဇယားတွင်လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၊ အဖွဲ့အစည်း၊ ညွှန်ကိန်း၊ Baseline data နှင့် ကာလတို့ကို ပြုစုထားသည့်အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ များအလိုက်ရေးဆွဲရမယ့် လုပ်ငန်းနယ်ပယ်များနှင့် ကိုက်ညီမှုရှိ/ မရှိနှင့် ရေးဆွဲရာတွင် ကြုံတွေ့ရ နိုင်ဖွယ်ရှိတဲ့ အခက်အခဲများကို တင်ပြဆွေးနွေးပေးစေလိုကြောင်း၊ မဟာဗျူဟာစီမံကိန်းဟာ (၁၀) နှစ် သက်တမ်းဖြစ်သည့်အတွက် ခေတ်ကာလနှင့် လိုက်လျော ညီထွေဖြစ်စေရန် ဦးစားပေး နယ်ပယ် (၁၂) ရပ်တွင် Digital Literacy, financial inclusionနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းများ ထည့်သွင်းသင့်ပါကြောင်း၊ ထို့ပြင်တိုင်းရင်းသား အခွင့်အရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကိုလည်း ကဏ္ဍစုံတွင် ထည့်သွင်းရေးသား စေလိုကြောင်းနှင့် မူဘောင် (မူကြမ်း) ရေးသားထားမှုများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။

   အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင် (မူကြမ်း) ရေးဆွဲထားမှုအပေါ်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသောလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးအား နေ့လယ်(၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR