၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကိုယနေ့မှစ၍ နိုင်ငံတစ်ဝန်းစတင်ဖွင့်လှစ်ခဲ့ရာချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌လည်းကျောင်းသင်ခန်းစာများစတင်သင်ကြားပေးလျက်ရှိသည်။

ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ဒုတိယဥက္ကဋ္ဌပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးခင်မောင်ထွေးနှင့် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် ယနေ့နံနက် ၁၀ နာရီတွင် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစတင်ဖွင့်လှစ်၍ စာစတင်သင်ကြားပေးနေမှုအခြေအနေကိုသွားရောက်ကြည့်ရှုအားပေးပြီးနိုင်ငံတော်မှ ထောက်ပံ့သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကိုကျောင်းသား၊ ကျောင်းသူများအားထောက်ပံ့ပေးအပ်သည်။

တီးတိန်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၇၈၂၅ စုံ၊ ဗလာစာအုပ် ၁၂၄၅၇ ဒါဇင်၊ ဘောပင် / ခဲတံ ၃၄၇၂ ဒါဇင်နှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကိုမြို့နယ်ပညာရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီးတီးတိန်မြို့နယ်တွင် ယနေ့အထိ KG မှ Grade-12 အထိကျောင်းသား၊ ကျောင်းသူ ၁၀၄၅၇ ဦးနှင့် တွန်းဇံမြို့နယ်တွင် ၁၇၀၆ ဦး၊ တီးတိန်ခရိုင်အတွင်းစုစုပေါင်း ၁၂၁၆၃ ဦးကျောင်းအပ်နှံလက်ခံကာပညာသင်ကြားလျက်ရှိကြောင်းတီးတိန်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR