နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်    ဦးထွန်းထွန်း ၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက အမှာစကား ပြောကြားရာတွင် ကလေးငယ်များ ဖွံ့ဖြိုး တိုးတက်အောင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုပါ အလေးထား ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကလေးများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျောရိုးဖြစ်သည့် လူသားအရင်းအမြစ်များ အားကောင်းလာစေရန် ကလေးငယ်များ၏ အခွင့်အရေးများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရ မည်ဖြစ်ပါကြောင်း၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် ကလေးများအတွက် ကောင်းမွန်သည့် အနာဂတ်ကောင်းများ ဖန်တီးပေးနိုင်ရန် ဆွေးနွေးချက်များ၊ အကြံပြုချက်များ၊ အနာဂတ်ကလေးများ၏ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များကို အလေးအနက်ထား ဆွေးနွေးပေးကြပါရန်နှင့် နိုင်ငံတော်၏ အနာဂတ်အတွက် ကလေးငယ်များအား စနစ်တကျ ကာကွယ်စောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ကလေးသူငယ်အခွင့်အရေး များ ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက တင်ပြချက် များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR