အများပြည်သူသို့ အသိပေးကြေညာချက်

၁။       အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင်ဝန်ဆောင်မှုရယူကြသည့်  ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme-PFP)”ကိုသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါ PFP အစီအစဉ်သည် အစိုးရဌာန/ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများပိုမိုကောင်းမွန်လာစေရေးနှင့် အဂတိလိုက်စားမှုများလျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေသည့် ကိစ္စရပ်ဖြစ်သောကြောင့် Short Code နံပါတ် “1111” မှတစ်ဆင့် SMS ဖြင့် ပေးပို့မေးမြန်းသောမေးခွန်းများကိုပြည်သူများကအကြံပြုဖြေကြားပေးခြင်းဖြင့် အစိုးဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ၌ လိုအပ်ချက်နှင့် အားနည်းချက်များကိုသိရှိပြုပြင်နိုင်မည်ဖြစ်ပါသည်။

၃။       သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ပြည်သူများကသက်သာသောနှုန်းထားဖြင့် SMS များပြန်လည်ဖြေကြားပေးနိုင်ရေးဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားပါကြောင်းအသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

                                                                                                                         အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR