၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်း အမှတ်အကြိုလှုပ်ရှားမှုအခမ်းအနားအား ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်၊ အင်္ဂါနေ့တွင် နေပြည် တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီဝင်နှင့်ဇနီးများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ နေပြည်တော် အမျိုးသမီးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊       နေပြည်တော်အမျိုးသမီးအားကစားဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ထူးချွန်ဆုရတက်ရောက်မည့်သူများနှင့် ဖျော်ဖြေတင်ဆက်မည့် အမျိုးသမီးငယ်များတက်ရောက်ခဲ့ကြပါသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌပြောကြားရာတွင် မြန်မာအမျိုးသမီးများနေ့ဟာ နိုင်ငံတစ်ဝန်းလုံးမှာနေထိုင်ကြတဲ့ မြန်မာအမျိုးသမီးများအားလုံးအတွက်နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ နိုင်ငံရဲ့အရေးပါတဲ့ အခန်းကဏ္ဍ အသီးသီးမှာပါဝင်ဆောင်ရွက်နေတဲ့ ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုတဲ့နေ့လည်းဖြစ်သလို အလွှာပေါင်းစုံမှအမျိုးသမီးများကို စိတ်ဓါတ်ခွန်အားမြှင့်တင်ဖို့ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက် မြန်မာအမျိုးသမီးများအားလုံးကို ဂုဏ်ပြုခြင်းဖြစ်ကြောင်းနဲ့ အမျိုးသမီးအခွင့်အရေးများနှင့် ကျား၊မရေးရာလုပ်ငန်းဆောင်ရွက်ချက်များ၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ဆောင်ရွက်တဲ့အစီအစဉ်များ ရေးဆွဲဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (National Strategic Plan for the Advancement of Women - NSPAW) ကို အရှိန်အဟုန်မြင့်ဆောင်ရွက်စေရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝန်ထမ်းအမျိုးသမီးငယ်ရွယ်သူများ၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းအမျိုးသမီးများ၊ မူလတန်းကြိုကျောင်းများမှ သမီး ငယ်လေးများ၊ ခရိုင် (၄) ခရိုင်မှ အမျိုးသမီးငယ်ရွယ်များနှင့် နေပြည်တော်အမျိုသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေး အသင်းတို့မှ တေးသရုပ်ဖော်တင်ဆက်ခဲ့ ကြပါသည်။ ထို့နောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ထူးချွန်ဆုများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းမှတ်တမ်း‌ပေးပို့အပ်ပါ သည်။ 


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR