လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၌ (၈-၆-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈မျိုးပါ) (၁)ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅)လုံး (တန်လျားပါ)အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀,၀၀ဝိ/-) ကျပ်၊ အဆိုပါဘေးသင့်အိမ်ထောင်စု(၆)စု၊ ဘေးသင့်လူဦးရေ (၃၃)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၆၉,၃၀ဝိ/-) ကျပ်၊ စုစုပေါင်း(၃၃၉,၃၀ဝိ/-)ကျပ်အား (၁၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅) ကျင်းပဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးသည်မန္တလေးတိုင်းဒေသကြီးအတွင်းရှိလူမှုဝန်ထမ်းလုပ်ငန်းရပ်များနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းရပ်များကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR