ရန်ကုန်တိုင်းဒေသကြီး၊  ကြည့်မြင်တိုင်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ  ဦးစီးကျင်းပသည့်  မသန်စွမ်းမှု

အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကို ယနေ့ နံနက်(၉:၃၀) နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း အစည်းအဝေးခန်းမ၌ကျင်းပသည်။

     အဆိုပါသင်တန်းထွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူးက ဦးစီးဌာန၏ ရည်ရွယ်ချက်များနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ မှတ်ပုံတင်

ထားခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ မှတ်ပုံတင်ခြင်းမေးခွန်းလွှာများနှင့်ပတ်သက်၍ အဖွင့်အမှာစကားရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းတွင် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်

အရေးဆိုင်ရာသဘောတူစာချုပ်၊ မသန်စွမ်းမှုဆိုင်ရာဝေါဟာရအသုံးအနှုန်းများ၊ ဆောင်ရန်၊ ရှောင်ရန်နှင့် လိုက်နာရမည့်အချက်များ၊ မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်၊ အသက်အရွယ်အလိုက်

အကဲဖြတ်မေးခွန်းလွှာ(၅)စုံအကြောင်း၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုမည့်ပုံစံများနှင့် အုပ်စုလိုက် လက်တွေ့လေ့ကျင့်ခြင်းတို့ကို သင်တန်းကာလနှစ်

ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်

များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင်ကျင်းပသည့် ၁၂ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်လှုပ်ရှားမှုအစီအစဥ်များသို့ဆက်လက်ပါဝင်တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်တွင်ကျင်းပသည့်၁၂ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ဆက်လက်တက်ရောက်လျှက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်တွင်ကျင်းပသည့်၁၂ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့တက်ရောက်၊ ဘရူနိုင်းအိမ်ရှေ့မင်းသားနှင့်တွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် ဂျီနီဗာမြို့ရှိကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)ရုံး၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူးဖြစ်သူMs. Shoko Yasuda (Arakaki)အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR