လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအုပ်စု၊ ပြင်စည်ကျေးရွာ၌ (၁-၅-၂၀၂၄) ရက်နေ့၊ (၁၉:၁၅) နာရီ အချိန်ခန့်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးလူနေအိမ် (၂၀) လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် (၈၇) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၆,၀၈၉,၀ဝဝ/-)၊ အိမ်ထောင်စု (၁၀၇) စုမှ စုစုပေါင်းဘေးသင့်လူဦးရေ (၄၃၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၀၅,၁၀ဝ/-)၊ ပြိုကျပျက်စီးနေအိမ် (၂၀) လုံးမှ အိမ်ထောင်စု (၂၀) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂၀) အိမ်ထောင်စာ တန်ဖိုးငွေ (၁,၂၀၈,၂၀၆/-) ကျပ်တို့အား (၈-၅-၂၀၂၄)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် နွားထိုးကြီးမြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR