လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်အဆင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနား ကို (၂၄-၁-၂၀၂၃) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် သထုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၂၀)ဦးနှင့် သင်တန်း သား/ သင်တန်းသူ (၃၀)ဦး စုစုပေါင်း (၅၀)ဦးတို့ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အဆိုပါ သင်တန်းကို (၂၄-၁-၂၀၂၃)ရက်နေ့မှ(၂၆-၁-၂၀၂၃)ရက်​နေ့အထိ (၃)ရက်တာ သင်တန်း ပို့ချသွားပါ မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး

MOS

DSW

DDM

DOR