ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းအား (၂၇-၆-၂၀၂၄) ရက်နေ့မှ (၂၈-၆-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ နေပြည်တော် မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌနှင့် မသန်စွမ်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူးနှင့် ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း ကို (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ်အားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ စီမံကိန်းမြို့နယ်များမှ ဆန္ဒအလျောက် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်လျှောက်ထားလာသူ (၅၀၆၅) ဦးကို မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် များ ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် စီမံကိန်းမြို့နယ်များအလိုက် ထပ်မံလျှောက်ထားလာသည့် မသန်စွမ်းသူများအားစိစစ်၍ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR